သင်သည်တစ်သက်လုံးအမြဲပျော်ရွှင်နေရသူဆိုလျှင်အောက်ပါမေးခွန်းများကိုဖြေဆိုပေးပါ။
၁။လူတိုင်းအပျော်ချည်းသက်သက်ခံစားနေရလျှင်ဘေးထွက်ဆိုးကျိုးအနေနှင့်မည်ကဲ့သို့ခံစားလာရသနည်း။
(ဥပမာ- သူငယ်ချင်းတစ်ယောက်
သင့်ကိုအမြဲလာလာခေါ်ပါသည်။သို့သော်သင်အမြဲတန်းလိုက်သွားလေ့ရှိပါသလား။
ရံဖန်ရံခါသင်ငြင်းချင်သည့်အခါမည်သည့်အကြောင်းပြချက်ကိုပေးလေ့ရှိသနည်း)
ဖြေ။ ။
ကျွန်တော်သည်အပျင်းထူသော လူတစ်ယောက်ဖြစ်သည်။ သို့ကြောင့် ရံဖန်ရံခါ
လိုက်သွားတတ်ပြီးတစ်ရံတစ်ခါ ဗြောင်ပင်ငြင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရိုးအီသော
နေ့စဉ်ဘဝကိုဖြတ်သန်းသည်ထက်စာလျှင် လူဆိုသော သတ္တဝါသည် အသစ်သစ်သော
အကြောင်းတရားများနှင့်မနက်ဖြန်များစွာကို ကျော်ဖြတ်ဖို့ စိတ်ဝင်စားမှု
ရာခိုင်နုန်းအတော်များသောကြောင့်ပင်။
၂။ ပျော်ရွှင်ခြင်း(၀ါ)
စိတ်ချမ်းသာခြင်းဆိုသည်မှာလူတစ်ယောက်အဖို့အမြဲတမ်းဖြစ်တည်ခံစားနေရလျှင် ကောင်းသည်
ဟုခံစားရပါသလား။ ဆိုးသည်ဟုခံစားရပါသလား။အဘယ့်ကြောင့်နည်း။
ဖြေ။ ။
မိမိကိုယ်ကိုပျော်ရွင်နေသည်ဟု ထင်ရချိန်မှာ ကျွန်တော် အကောင်းဆုံးရူးသွပ်နေပြီ
ဖြစ်သည်။ဒါကြောင့် ကောင်းသလား၊ ဆိုးသလား သည် သင့်ထံတွင် မူတည်သဖြင့်
ချိန်ထိုးကြည့်ပါ။
၃။ မိမိကိုယ့်ကိုယ်
စိတ်ချမ်းသာအောင်ပြုမူနေထိုင်ကြည့်ဖူးပါသလား။ထိုကဲ့သို့နေထိုင်ဖူးလျှင်
မည်သည့်ရလဒ်ကိုသင်ရရှိခဲ့သနည်း။
ဖြေ။ ။
အကောင်းဆုံးနည်းလမ်းမှာသစ်ပင်ပေါ်တက်ထိုင်နေလိုက်သည် ဟု ကျွန်တော် ဖြေပါမည်။
စိတ်ညစ်သည့် အခါတိုင်း နီးရာသစ်ပင်ထက်တွင် လျှို့ဝှက်စကားပြောတတ်သဖြင့်
စိတ်အတော်အတန် ပြေပျောက်သွားသည်။ကိုယ့်အတွက် ကောင်းသည့် အရာသည် သူများနှင့်
အံဝင်ခွင်ကျ မဖြစ်တတ်သော သဘောကိုဆင်ခြင်ကြည့်ပါ။
၎။နှစ်ဆယ့်လေးနာရီအတွင်းသင်အပျော်ရဆုံးသောအချိန်အပိုင်းအခြားကာလတစ်ခုကိုဖြေပေးပါ။
ဖြေ။ ။ ကာလသုံးပါး
မေ့သွားချိန် ။
၅။
ပြီးခဲ့သောရက်သတ္တပတ်အတွင်းမည်သည့်အကြောင်းအရင်းသည်သင့်ကိုပျော်ရွှင်စေခဲ့သနည်း။ဥပမာတစ်ခုပေး၍
ဖြေဆိုပေးပါ။
ဖြေ။ ။ သတိမထားမိသော
ကြောင့်ဘယ်အကြောင်းကြောင့်မှ မပျော်ရွင်ခဲ့သလို စိတ်လည်း မညစ်ခဲ့ပါဘူး လို့
ထင်မိသည်။
၆။ သင့်အားပျော်ရွှင်စေသူသည် မည်သူနည်း။(ဥပမာ- အဘိုး၊
အဘွား၊အဖေ၊အမေ၊ အစ်ကို၊ အစ်မ၊ ညီ၊ ညီမ၊ တူ၊ တူမ၊
သူငယ်ချင်း၊ချစ်သူ၊)တစ်မျိုးကိုသာဖြေဆိုပါ။
ဖြေ။ ။
ဘာတွေကမှပျော်အောင်ညစ်အောင် မလုပ်နိုင်ပါဘူး။ စိတ်ကသာ တရားခံပါ။
စိတ်နောက်ကိုမလိုက်ခဲ့ဘူးဆိုရင်တော့…..။
၇။ သင့်မိသားစုကြောင့်
သင့်ပျော်ရွှင်ခဲ့ဖူးသည်ဆိုလျှင်မည်သို့ခံစားခဲ့ရဖူးသနည်း။
(က) ပျော်တယ်ဆိုရုံလေး
(ခ) ပျော်ပါတယ်
(ဂ) တော်တော်လေးပျော်ပါတယ်
(ဃ) အပျော်ဆုံး
ဖြေ။ ။ (ခ)ပါ ။
၈။သင့်ဘ၀၌ကြီးကြီးမားမားပျော်ရွှင်ခဲ့ဖူးသောအကြောင်းအရာသုံးခုကိုဖြေဆိုပေးပါ။
ဖြေ။ ။ တွေ့ကြုံ ဆုံကွဲ ။
ပတ်ဝန်းကျင်ကြောင့် အသစ်သစ်သော အရာတွေနဲ့ ထိတွေ့ဆက်ဆံရသော အခိုက်။
ကိုယ်ဘာကောင်မှ မဟုတ်ဘူးလို့ သိတဲ့ အချိန်။
သင်သည်အမြဲတမ်းလိုလိုစိတ်ညစ်နေရသည်ဆိုလျှင်အောက်ပါမေးခွန်းများကိုဖြေဆိုပေးပါ။
၁။ သင် စိတ်ညစ်နေရသည့်အကြောင်းအရင်းသည် မည်သို့နည်း။
အထက်က မေးခွန်း ၆ ပါ။
၂။ သင် စိတ်ညစ်နေရသည့်အခါ
မည်သည်အချိန်အထိခံစားနေရတတ်သနည်း။(ဥပမာ-တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ တစ်လ)
စိတ်က အပြောင်းအလဲ မြန်ရင် မြန်သလို ၊ နှေးရင် နှေးသလိုပါ။
၃။နှစ်ဆယ့်လေးနာရီအတွင်းသင့်စိတ်အညစ်ရဆုံးအချိန်ရှိပါသလား။ရှိလျှင်မည်သည့်အကြောင်းအရာဖြစ်သည်ကိုဖြေဆိုပေးပါ။
ဖြေ။ ။ အိပ်ချိန်ပါ။မွေးကတည်းက
အိပ်ချိန်ဟု သတ်မှတ်ထားသည့် လူဖွဲ့စည်းပုံကို စိတ်ညစ်ရပါသည်။ပြင်ဆင်သင့်ရင်
ပြင်ဆင်ဖို့ ကျွန်တော် ကိုယ်ပိုင်နိုင်ငံတွင် သမ္မတလုပ်ပါမည်။မဲပေးကြပါ။
၎။
သင်စိတ်ညစ်နေရသောအကြောင်းများစွာအနက်မှမည်သည့်အကြောင်းသည့်သင့်ကိုပိုမို၍ စိတ်ညစ်စေသနည်း။
(ဥပမာ- စီးပွားရေး၊
လူမူရေး၊ကိုယ်ရေးကိုယ်တာခံစားချက်၊မိသားစုအတွင်းရေး)
ဖြေ။ ။
ခေါင်းစဉ်တပ်မထားသောအရေးများ။
၅။
ပြီးခဲ့သောရက်သတ္တပတ်အတွင်းမည်သည့်အကြောင်းအရင်းသည်သင့်အားစိတ်ညစ်စေခဲ့သနည်း။ဥပမာတစ်ခုပေး၍
ဖြေဆိုပါ။
ဖြေ။ ။ အထက်က မေးခွန်း
နံပါတ် ၅ ကိုပြန်ဖတ်ဖြစ်ပါလိမ့်မည်။
၆။ သင့်အားစိတ်ညစ်စေသူမှာမည်သူနည်း။(ဥပမာ- အဘိုး၊ အဘွား၊
အဖေ၊အမေ၊အစ်ကို၊ အစ်မ၊ ညီ၊ ညီမ၊ တူ၊ တူမ၊
သူငယ်ချင်း၊ချစ်သူ၊)တစ်မျိုးကိုသာဖြေဆိုပါ။
ဖြေ။ ။
အထက်ကမေးခွန်းနံပါတ် ၆ ။
၇။ သင့်မိသားစုကြောင့် သင့်စိတ်ညစ်ခဲ့ဖူးသည်ဆိုလျှင်မည်သို့ခံစားခဲ့ရဖူးသနည်း။
(က)စိတ်ညစ်တယ်ဆိုရုံလေး
(ခ) စိတ်ညစ်တယ်
(ဂ) တော်တော်လေးစိတ်ညစ်ပါတယ်
(ဃ)စိတ်အရမ်းညစ်တယ်
ဖြေ။ ။ အခုချိန်မှာပျော်ပါတယ်။
အရင်က စိတ်ညစ်ခဲ့တာ ဘာမှမဟုတ်ဘူး လို့ ထင်လာပါသည်။ အမှတ်တရ အဖြစ်
တောင်မရှိသင့်လို့ မေ့ပစ်လိုက်ပါပြီ။ လက်ရှိမှာ မိသားစုဟာ
ကျွန်တော့်အတွက်နွေးထွေးပါသည်။
၈။သင့်ဘ၀၌ကြီးကြီးမားမားစိတ်ညစ်ခဲ့ဖူးသောအကြောင်းအရာသုံးခုကိုဖြေဆိုပေးပါ။
ဖြေ။ ။ မေ့ပစ်သင့်လို့
မေ့ပစ်ထားလိုက်ပါပြီ။အကြောင်းအရာ တိုက်ဆိုင်သည့်အခါ မှတ်မိလာရင်တော့ ပြောပြပါမည်။
စာကြွင်း ။
။မိမိဖြေဆိုလိုသည့်မေးခွန်းကိုရွေးချယ်၍လည်းဖြေဆိုနိုင်ပါသည်။
အပိုင်း(၂)
၁။
သံယောဇဉ်ကိုအဓိပ္ပါယ်ဖွင့်ဆိုရန်အတွက်မိမိထင်မြင်သည့်အဖြေတစ်ခုအားအောက်တွင်
မိမိယုံကြည်သလိုဖြေဆိုနိုင်ပါသည်။
သံယောဇဉ်ဆိုတာ လက်ဖက်ရည် တစ်ခွက်နဲ့တူပါတယ်။
ပြီးပြည့်စုံတဲ့လက်ဖက်ရည် တစ်ခွက်က အရသာ မှန်နေပမယ့် အမြဲတိုင်း မမှန်နိင်ပါဘူး။
ဘာကြောင့်ဆိုတော့ကုန်ကြမ်း ပြောင်းတတ်သလို အဖျော်ဆရာပိုင်း ၊ တန်ဆာပလာ အချိန်အဆ
တွေကြောင့်လက်ဖက်ရည်တစ်ခွက်က ပုံမှန် မကောင်းနိုင်ပါဘူး။ ကောင်းတော့ ကောင်းတယ် ။
ဒါပေမယ့်မကောင်းဘူးလို့ ထင်မိတဲ့ အချိန်ကလည်း အောင့်ကာနမ်းနေရတဲ့ အဖြစ်။
ဘာဖြစ်ဖြစ်သံယောဇဉ် လက်ဖက်ရည်ကို မစွန့်ပစ်နိုင်ပါဘူး။ ကိုယ်က ကြိုက်တာကိုး။
၂။
သံယောဇဉ်ကြောင့်မိမိထိခိုက်နှစ်နာခဲ့ဖူးသည်ဆိုလျှင်တစ်မျက်နှာခန့်ရေးသားပြောပြပေးပါ။
အယုံလွန်တတ်သော ကျွန်တော်။ ဘာတစ်ခုကိုမဆို
ပစ်ကာယုံကြည်တတ်သော ကျွန်တော်။ ထိခိုက်နစ်နာ ခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပင်။
ဘာနဲ့ပဲဖြစ်ဖြစ် မတည်မြဲတတ်သော အကြောင်းသုံးပါးကြောင့် ခင်ဗျားတို့
ကျွန်တော်တို့နေ့တိုင်း၊ လတိုင်း ၊ နှစ်တိုင်း မှာ ကြုံတွေ့နေရဦးမည်။ အဖြစ်အပျက်
သာဓကတွေကအများကြီးဆိုပေမယ့် မေ့ပျောက်ထားတာကြောင့် ပြောဖို့ ထောက်ပြဖို့ရာ
ကကြီးကနေ စဖို့ဝလုံးတောင် မဝိုင်းပါ။ ဒါကြောင့် ။
၃။ သံယောဇဉ်ကြောင့်
မိမိပျော်ရွှင်ခဲ့ရဖူးသည်ဆိုလျှင်တစ်မျက်နှာခန့်ရေးသားပြောပြပေးပါ။
၂ က သဘောထား အတိုင်းပဲမို့ ဒီအဖြေတွေကို ဖတ်ပြီး အရူးလို့ထင်သွားတယ်ဆိုရင်
ကျွန်တော်အပျော်ဆုံးတစ်နေ့ ဖြစ်သွားမှာပါ။ သတ်မှတ်ဖို့၊မျဉ်းသားဖို့ ၊ စည်းတွေ
ဘောင်တွေ အကြောင်း ပြောဖို့ဆိုရင် ကျွန်တော်ဟာတက်ကြွလန်းဆန်းနေသူ။
လေးစားလျှက်
အမေး >>>> သော်ဇင်(လွိုင်ကော်)
အဖြေ >>>> ပျူမခ (ကော့သောင်း)
No comments:
Post a Comment