(က)
“ ညာရေးမှူးရုံး”
တိတ်ဆိတ်ငြိမ်သက်နေသော အဆောက်အဦးတစ်ခု၏ ဝရံတာ လက်ရန်းပေါ်တွင်
ဂွမ်းကပ်စောင်တစ်ခုကို လွှားကာ လှန်းထားသည်။ ထိုစောင်အောက်တွင်
တစ်ပိုင်းတစ်စ ပျောက်ဆုံးနေသော ပ အက္ခရာသည် ယနေ့ခေတ်ပညာရေး ပုံရိပ်ကို
မရည်ရွယ်ပါပဲနှင့် ဖော်ပြနေသလိုပင်။ ထိုအဆောက်အဦးက တိတ်ဆိတ်ငြိမ်သက်နေသလောက်
နံဘေးတွင်ရှိနေသော အ.လ.က ကျောင်းကလေးသည် ဆည်းလည်းသံကလေးများ တလွင်လွင်နှင့်
ဥယျာဉ်မှူးတို့၏ စကားသံများ တလွင်လွင်နှင့် ဆူညံနေပါသည်။ ပဉ္စမတန်း တန်းခွဲ စီ ဟု
ဆိုင်းဘုတ် တပ်ထားသော အခန်းတစ်ခုတွင် ကျောင်းသူ ကျောင်းသားများက ဆရာမကို
ဂါဝရပြု နုတ်ဆက်ပြီးနောက် ဆရာမ၏ ပြန်လည်နုတ်ဆက်စကားသံကို မတ်တပ်ရပ်ကာ
ငံ့လင့်နေကြသည်။


