မှောင်ညထဲက မျှော်လင့် နေရောင်
ငါ့ခေါင်းပေါ်မှာ လ၇ှိနေတယ်
ငါမော့မကြည့်မိခဲ့ဘူး။
ခုတော့ နောက်ကျလေပြီ
မော့ကြည့်ချိန် လမရှိတော့။ ။
ငါအတွက်တော့
ညဟာညပါဘဲ့
ထူးပြီးတော့ တန်ဆာဆင်နေလဲ
ပိုလင်းမလာတော့
နေထွက်ဖို့ကို မျှော်ရမှာပေါ့။ ။
ညထက်ညနက်လာတော့
လေကလဲအေး မီးနဲ့လဲဝေး
မျက်ကန်ုး မီးလှုံနေသလို
မီးငွေ့တခြား လူတခြား
အအေးလှိုင်းဖြတ်တဲ့ညတွေများ ပြီမို့။ ။
ငါ့အတွက်တော့
ရောင်နေတစ်ခြည် မြင်တုန်းမြင်ခိုက်
အမိအရ ဖမ်းကာဆွဲဆုပ်လိုက်ချင်
အရှုံးကြီးကြီးထဲက
အောင်မြင်မှု ခပ်ပါးပါးကို
သေသည့်တိုင် ဖက်တွယ်ထားချင်ပါဘိ။ ။
ငါ့ခေါင်းပေါ်မှာ လ၇ှိနေတယ်
ငါမော့မကြည့်မိခဲ့ဘူး။
ခုတော့ နောက်ကျလေပြီ
မော့ကြည့်ချိန် လမရှိတော့။ ။
ငါအတွက်တော့
ညဟာညပါဘဲ့
ထူးပြီးတော့ တန်ဆာဆင်နေလဲ
ပိုလင်းမလာတော့
နေထွက်ဖို့ကို မျှော်ရမှာပေါ့။ ။
ညထက်ညနက်လာတော့
လေကလဲအေး မီးနဲ့လဲဝေး
မျက်ကန်ုး မီးလှုံနေသလို
မီးငွေ့တခြား လူတခြား
အအေးလှိုင်းဖြတ်တဲ့ညတွေများ
ငါ့အတွက်တော့
ရောင်နေတစ်ခြည် မြင်တုန်းမြင်ခိုက်
အမိအရ ဖမ်းကာဆွဲဆုပ်လိုက်ချင်
အရှုံးကြီးကြီးထဲက
အောင်မြင်မှု ခပ်ပါးပါးကို
သေသည့်တိုင် ဖက်တွယ်ထားချင်ပါဘိ။ ။
ပျူမခ(ကော့သောင်း)
၂-၃-၂၀၁၃

No comments:
Post a Comment