Sunday, March 10, 2013

ကာရန်မဲ့ အက်တမ်







♥♥ ကာရန်မဲ့ အက်တမ် ♥♥



ဂီတအသက်တို့
ကကြိုးကဂျောင်မည်စဉ်
ဘုမသိ ဘမသိ
ငါစည်းချက်မညီ
ကခုန်နေပြီ။ ။



လေရူးသုန်သုန်
လှိုင်းပွေစုန် အလှကို
ရစ်သမ်မလိုက် စည်းဝါးမကိုက်ဘဲ
မိုက်ရူးဆန်စွာ
ငါစပ်ဆိုမိပြီ။ ။

အသက်မဲ့ကဗျာ
နိုးထစေရန်
မတတ်တစ်ခေါက် လက်ဖျောက်တီးပြီး
မန္တာန်ရွတ်ပါလည်း
ငါ့ကဗျာ အသက်မဝင်ခဲ့ပါ။ ။

အကွပ်မဲ့ မိုးတိမ်လို
ရေမဲ့ ချောင်းငယ်လို
ကာရန်မဲ့ ကဗျာလို
ခွန်အားမဲ့ ခရီးသွားလို
ပန်းတိုင်မဲ့ အပြေးသမားလို
လိုအပ်ချက်တွေ ငါ့မှာအနန္တပါလား။ ။

စိတ်ဓါတ်ဆင်းကြွေ အဝိစိတွင်းသို့
ကိုယ့်အဆင့် ကိုယ်တွေး
အာကာသပြင်က
အက်တမ် မှုန်မွှားတစ်ခုလို
ပလိုတွန်မရှိ နျူထရွန် နတ္ထိ
အလုံးစုံ သုညပါလား ။ ။

သူငယ်ချင်း အားလုံးကို ချစ်ခင်လေးစားလျှက်



ပျူမခ (03.03.2013)


No comments:

Post a Comment