မိဘမဲ့ ခရီးသွား
ပန်းချီကားပေါ်က စုတ်တစ်ချက်
အသက်ထွက်မတတ် ခံစားခဲ့ရ
နာကြည်းချက် တမ်းတချက်
ပြိုင်မျဉ်းတစ်ခုလို ယိမ်းထိုးလွန်ဆွဲနေပြီ။
ပျော်ရွင်မိသား ငါငေးကြည့်တိုင်း
လျှံတက်လာတဲ့ မျက်ဝန်းအိမ်ကြား
အသာအယာဖိကိုက် ငါ့နှုတ်ခမ်းသားများ
ကြာတော့ပွန်းပဲ့ပြီ
ညနက်တိုင်း နားထောင်ချင်တယ်
တစ်ထောင့်တစ်ည ပုံပြင်တွေ
အီစွတ် နှင့် ငါးရာငါးဆယ်နိပါတ်တွေ
ပြောပြပေးပါလား… အဖေ၊ အမေရော သိလား။
ဂုမ္ဘာန်တစ်ကောင်လို ငါကိုယ်တွေကြမ်းနေပြီ
ဖယောင်းလို ငါနှလုံးအိမ် အရည်တွေပျော်
ငါငိုတယ်…ငါထပ်ငိုတယ်…ငါထပ် ငိုဦးမယ်…။
ချောက်နက်နက်ကမ်းပါး ငါကိုရပ်စေပြီ
ပင့်သက်ရှိုက်သံ တိုးတိုးသဲ
ငြင်သာတဲ့ ခေါက်သံတစ်ခု
ဂေဟာတစ်ခုရဲ့ တံခါးဝကို ကံဇာတ်ဆရာ တွန်းပို့ခဲ့ပြီ။
ငါဟာမိဘမဲ့ နင်ဟာမိဘနဲ့
ဘဝကိုဆစ်ထု ပုံသွန်းလောင်းဖို့
ကိုယ်တိုင်ယွန်းရမည်….
အားပေးခွန်းနှုတ် အဖေ့(အမေ)ဆီ ကကြားချင်ပါရဲ့
ငါအောင်မြင်ပြီ သို့သော်
ငါပြည့်စုံပြီ သို့သော်
ငါဟာအကောင်းဆုံးလုပ်ခဲ့ပြီ သို့သော်
ငါ့ဘဝနောက်ဆုံးတိုင် သို့သော်
သို့သော်တွေကြား….
ငါဟာမိဘမဲ့ ခရီးသွားတစ်ယောက်ပါလား။
ပန်းချီကားပေါ်က စုတ်တစ်ချက်
အသက်ထွက်မတတ် ခံစားခဲ့ရ
နာကြည်းချက် တမ်းတချက်
ပြိုင်မျဉ်းတစ်ခုလို ယိမ်းထိုးလွန်ဆွဲနေပြီ။
ပျော်ရွင်မိသား ငါငေးကြည့်တိုင်း
လျှံတက်လာတဲ့ မျက်ဝန်းအိမ်ကြား
အသာအယာဖိကိုက် ငါ့နှုတ်ခမ်းသားများ
ကြာတော့ပွန်းပဲ့ပြီ
ညနက်တိုင်း နားထောင်ချင်တယ်
တစ်ထောင့်တစ်ည ပုံပြင်တွေ
အီစွတ် နှင့် ငါးရာငါးဆယ်နိပါတ်တွေ
ပြောပြပေးပါလား… အဖေ၊ အမေရော သိလား။
ဂုမ္ဘာန်တစ်ကောင်လို ငါကိုယ်တွေကြမ်းနေပြီ
ဖယောင်းလို ငါနှလုံးအိမ် အရည်တွေပျော်
ငါငိုတယ်…ငါထပ်ငိုတယ်…ငါထပ်
ချောက်နက်နက်ကမ်းပါး ငါကိုရပ်စေပြီ
ပင့်သက်ရှိုက်သံ တိုးတိုးသဲ
ငြင်သာတဲ့ ခေါက်သံတစ်ခု
ဂေဟာတစ်ခုရဲ့ တံခါးဝကို ကံဇာတ်ဆရာ တွန်းပို့ခဲ့ပြီ။
ငါဟာမိဘမဲ့ နင်ဟာမိဘနဲ့
ဘဝကိုဆစ်ထု ပုံသွန်းလောင်းဖို့
ကိုယ်တိုင်ယွန်းရမည်….
အားပေးခွန်းနှုတ် အဖေ့(အမေ)ဆီ ကကြားချင်ပါရဲ့
ငါအောင်မြင်ပြီ သို့သော်
ငါပြည့်စုံပြီ သို့သော်
ငါဟာအကောင်းဆုံးလုပ်ခဲ့ပြီ သို့သော်
ငါ့ဘဝနောက်ဆုံးတိုင် သို့သော်
သို့သော်တွေကြား….
ငါဟာမိဘမဲ့ ခရီးသွားတစ်ယောက်ပါလား။
ပျူမခ(၂၄-၂-၂၀၁၃)

No comments:
Post a Comment