ကဗျာဆရာရဲ့ နောက်ဆုံး
ကော်ဖီတစ်ခွက် အိပ်ဆေးတစ်ဝက်
ခါးနှစ်ခါး အပြိုင်
ငါ့လက်တစ်ကမ်းမှာ ရှိနေခဲ့ပြီ.....
ငါရေးခဲ့မည် နောက်ဆုံးကဗျာတစ်ပုဒ်
အပျိုစင် ကခုန်ခြင်းနှင့်အပြိုင်
ငါစိတ်တွေ လုပ်ရှားနေပြီ.....
ရရင့် ယပင့်ဝဆင့် အဆွဲ
စာရွက်ပေါ်က လက်နက်လဲ
အသက်အရင်ပြတ်ပြီပေါ့......
ငါဆက်ရေးမည်
ပါးပေါ်ကမျက်ရည်စက်တို့
မင်အဖြစ် ဓါးအသွင်ပြောင်းပစ်မည်....
မျက်ရည် မင်စက်တို့
ရေးပြီးခန်းခြောက်တဲ့ခါ
ဒဏ်ရာတို့ ထင်ကျန်ရစ်တန်ကောင်းပါရဲ့..
ငါ့ရဲ့အမည်နာမကို
အိပ်စက်ရာ ကျောက်တံခါးထက်၌
ဒီကဗျာနဲ့အတူ မြုပ်နုံရေးထိုးမည်....
ပျူမခ(ကော့သောင်း)
3.3.2013

No comments:
Post a Comment