အဆင့်အတန်းခွဲမယ်ဆိုရင် ကန်ချလိုက်ချင်
တောင်လေသွဲ့သွဲ့ တိုက်ဖို့
သစ်ပင်တွေက ယိမ်းခါပေးရတာလား။
သူတို့ကြောင့် သစ်ပင်တွေယိမ်းရတာလား။
ရထားတစ်စင်းဖြတ်ဖို့
သံလမ်းလေး ကျောခင်းပေးရတာလား။
ကာရန်ညီ ကဗျာတစ်ပုဒ်ဖြစ်ဖို့
ကဗျာဆရာက အတွေးနစ်မှလား။
အနှစ်တွေးမှ ကာရန်ညီမှာလား။
သင်ဘယ်ကလာလဲ ငါမသိ
သင်လဲ ငါဘယ်ကလာလဲ သင်မသိ
တူညီတာက ဒို့တွေက လှေတစ်စီးတည်း
အတူတွဲကာ တက်ညီလက်ညီ
လှော်ခတ်ဖို့ ရွေးချယ်ပြီးပြီ မဟုတ်လား။
သင် အဆင့်အတန်းခွဲခြားတတ်ရင်
သင့်ကိုကျွန်တော် လှော်တက်နဲ့ ရိုက်ချမိလိမ့်မယ်.....။
တစ်ခရီးတည်းသွားမှတော့
သင့်စိတ်တည်းမှတ်လိုက်တော့
ငါတို့တွေဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ။
ပျုမခ (ကော့သောင်း)
၁၁-၃-၂၀၁၃

မိုက်တယ်လေ ...
ReplyDeleteရည်ရွယ်ချက်ကောင်းသလို
ပေးချင်တဲ့ Message ကလည်း ပြောင်မြောက်သား
ဆက်လက်ထုဆစ်နိုင်ပါစေ ကိုပျူမခရေ
လာလည်သွားပြီး ဝေဖန်သုံးသပ်ပေးသွားတဲ့အတွက် ကျေးဇူးပါ နွေလရေ.....နောက်လဲလာခဲ့ပါဦးဗျာ...:)
ReplyDelete